Tuesday, March 6, 2012

ပျော်ရွှင်တဲ့စိတ်


ပျော်ရွှင်တဲ့စိတ်

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့ “ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင် ဖြစ်နေပါတယ်” လို့ ရင်ဖွင့်တယ်။ လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက “ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ” လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။ ကဗျာဆရာကို နတ်သားက “ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?” လို့မေးတော့
ကဗျာဆရာက “ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?” လို့ နတ်သားကို ပြန်မေးတယ်။ “ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ” လို့ နတ်သားဆိုတော့ “ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်” လို့ ကဗျာဆရာက ပြောပါတယ်။
ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ “ကောင်းပြီ” ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။ ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သား ထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။ လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ….

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ။  အရမ်း မောပန်းနွမ်းနယ်တဲ့ အချိန် ကျောခင်းစရာ နေရာလေး တစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ။ အားရပါးရငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ။ မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။
ပျော်ရွှင်ခြင်းတွေ ကိုယ်%E




September 16th, 2011 | Author: Aye Lay
(၁)
တစ်ခါက ဘုန်းကြီးနှစ်ပါးဟာ တောထဲတရားအားထုတ်ဖို့ သွားပါသတဲ့။ လမ်းခရီးမှာ ချောင်းတစ်ချောင်းတွေ့ပြီး ချောင်းကမ်းစပ်မှာ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့သတဲ့။ ရေက မတိမ်တဲ့အတွက် ချောင်းကူးရင် သူ့အဝတ်အစားတွေ စိုကုန်မှာစိုးလို့ မိန်းကလေးက စိတ်ညစ်နေသတဲ့။ ဘုန်းကြီးတစ်ပါးဟာ မပြောမဆို မိန်းကလေးကို ထမ်းပြီးချောင်းကို ကူးခဲ့တယ်။ တစ်ဖက်ကမ်းရောက်တော့ မိန်းကလေးကိုချပြီး ခရီးဆက်ပြန်သတဲ့။
ခရီးဆက်ပြီး တစ်နာရီ အကြာမှာ နောက်ဘုန်းကြီးတစ်ပါးက မအောင့်နိုင်ဘဲ မေးသတဲ့။
“ဘုန်းကြီးဆိုတာ ဒကာမတွေနဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး။ အခုနားက ကိုယ်တော်ရဲ့အပြုအမူဟာ အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုပဲ”
အမေးခံရတဲ့ ဘုန်းကြီးက ပြန်ဖြေပါတယ်။
“လွန်ခဲ့တဲ့ တစ်နာရီကတည်းက သူ့ကို ကမ်းစပ်မှာ ချပေးခဲ့ပြီးပြီ။ ကိုယ်တော်က ဘာဖြစ်လို့ သူ့ကို အခုထက်ထိ ထမ်းထားရသေးလဲ” တဲ့။
(၂)
နွေဆိုရင် ကန်ရေတွေခမ်းကြတယ်။ တံငါတွေက ရေနည်းရင် ငါး၊ ပုဇွန်တွေဖမ်းရလွယ်လို့ ငါး၊ ပုဇွန်တွေကို ဖမ်းကြတယ်။ ဒါပေမဲ့ ငါးရံ့လေးတွေက တံငါသည်တွေရဲ့လက်ကလွတ်အောင် ကြိုးစားကြတယ်။ နွေဝင်ပြီဆိုတာနဲ့ ငါးရံ့တွေဟာ ရွှံထဲတိုးဝင်ကြတယ်။ ရွှံထဲမှာ ခိုနေကြတယ်။ ငါးဟာရွှံနဲ့ရောနေတော့ တံငါတွေမတွေ့ကြလို့ အသက်ချမ်းသာရာ ရခဲ့ကြတယ်။ မိုးဝင်ပြီဆိုမှ ငါးဟာ ရွှံထဲကနေ ပြန်ထွက်လာတော့တယ်။ သေးငယ်တဲ့ငါးလေးကတောင် သဘာဝကို အမှီပြုပြီး အသက်ရှင်ဖို့ ကြိုးစားတတ်ကြတယ်။ သတ္တ၀ါထဲမှာ အသိဥာဏ်အရှိ ဆုံးဆိုတဲ့ လူတွေကတော့….
တခါတလေ လူ့ဘဝမှာလဲကျလို့ ဒူးပြဲသွားရင် တစ်ယောက်ယောက်လာထူမှ ထတတ်ကြတယ်။ လက်ဝှေ့သမားနဲ့ နဘမ်းသမားတွေက ဘယ်လောက်ပဲ ပစ်လဲကျသွားပါစေ ထူပေးလို့ မရဘူး။ အချိန်(၁ဝ) စက္ကန့်အတွင်းမှာ ရှိသမျှခွန်အားနဲ့ လဲကျရာက ထလာရတယ်။ ထလာနိုင်မှ ပြိုင်ပွဲဆက်ဝင်လို့ ရမယ်။ ထလာမှ အနိုင်ကို ယူလို့ရမယ်။ လဲကျပြီး ပြန်မထလာရင်တော့ အခွင့်အရေးဆိုတာလဲ မရှိနိုင်တော့ဘူးပေါ့။
လဲကျသွားတာ ရှက်စရာ မဟုတ်ဘူး။ လဲကျပြီး ပြန်မထတာကမှ ရှက်စရာကောင်းတယ်။

(၃)
သီလရှင်တစ်ပါးနဲ့ သားသတ်ရောင်းတဲ့ လူတစ်ဦးက အိမ်နီးချင်း မိတ်ဆွေတွေ ဖြစ်ကြတယ်။ သီလရှင်က မနက်တိုင်း စောစောထပြီး ဘုရားစာရွတ် မေတ္တာပို့သလို သားသတ်သူလည်း မနက်စောစောထပြီး သားသတ်လေ့ရှိတယ်။ မနက်တိုင်း စောစောထတာချင်း တူနေတာကြောင့် တစ်ဦးကိုတစ်ဦး အလုပ်အကိုင် မပျက်အောင် တစ်ယောက်မနှိုးရင် တစ်ယောက်ကနှိုးဖို့ တိုင်ပင်ခဲ့ကြတယ်။
အဲဒီလိုနဲ့ နှစ်တွေကြာပြီး နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတယ်။ သီလရှင်က ငရဲပြည်ရောက်ပြီး သားသတ်သူက နတ်ပြည်ဘုံကို ရောက်သွားခဲ့တယ်။
“Why? ဘာကြောင့်လဲ”
သားသတ်သူက မနက်တိုင်း သီလရှင်ကို ဘုရားစာရွတ် ကုသိုလ်လုပ်ဖို့ နှိုးခဲ့တယ်။ သီလရှင်က မနက်တိုင်း သားသတ်သူကို သူတစ်ပါးအသက်သတ်ဖို့ နှိုးခဲ့လို့ပါပဲ။
“ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ကိုယ့်အထင်မှာတော့ မှန်နေတာပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ မမှန်နိုင်ပါဘူး”
(၄)
အုတ်နံရံစီနေတဲ့ ပန်းရံသမားသုံးယောက်ကို လူတစ်ယောက်က “ဘာလုပ်နေသလဲ!” လို့ မေးတယ်။
အမေးခံရတဲ့ ပထမပန်းရံသမားက “ခင်ဗျား မမြင်ဘူးလား. ကျုပ် အုတ်စီနေတာဗျာ” လို့ ဒေါနဲ့ ပြန်ဖြေလိုက်တယ်။
ဒုတိယပန်းရံသမားက “လှပတဲ့ တိုက်တစ်လုံးကို ကျွန်တော်ဆောက်နေပါတယ်” လို့ ပြန်ဖြေတယ်။
လေချွန်ပြီး အလုပ်လုပ်နေတဲ့ တတိယပန်းရံသမားက “လှပတဲ့ မြို့တစ်မြို့ကို ကျွန်တော်တည်နေပါတယ်” လို့ ပြန်ဖြေတယ်။
တူညီတဲ့ အလုပ်တစ်ခု၊ ပင်ပန်းတာချင်း အတူတူ တချို့က ပျော်ရွှင်တဲ့စိတ်နဲ့ ရင်ဆိုင်ကြတယ်။ အရာရာကို အကောင်းမြင်တတ်သူ၊ ပျော်ရွှင်စိတ်ရှိသူက သူတစ်ပါးထက် အမြဲစိတ်ချမ်းသာနေမှာ ဧကန်မလွဲပါပဲ။
Did you like this? Share it:

Secret of Gtalk


Secret of Gtalk

1. Gtalk Theme
                           Gtalk မှာ Yahoo လို Animation လေးတွေ သုံးလို့  ရမယ့် Application လေးပါ ... Background မှာလဲ ပုံတွေ ပြောင်းလို့ ရပါတယ် ... Install လုပ်ပြီးတဲ့အခါမှာ Gtalk >>> Settings >>> Appearance မှာ My Theme ဆိုတာကို ရွေးပါ ... Background ပုံကိုတော့ Start >>> Programs >>> Dash >>> My Theme >>> Change Background ကနေ ပြောင်းလဲ ရပါတယ် ... သူ့မှာပါတဲ့ ပုံတွေကို မကြိုက်ရင် စိတ်ကြိုက်ပုံကို ' C ' ထဲ က software ရှိတဲ့နေရာကို သွားပြီး ထည့်လို့ ရတယ်. http://www.mediafire.com/?cbgoycw1grl    ဒီနေရာလေးကနေ Download  ရယူနိုင်ပါတယ်……

 Angel - O:-) - :angel (နတ်သမီး)
Angry - X-( - :angry  ( စိတ်ဆိုးနေတယ်)
Applause - =D - :clap (လက်ခုပ်တီးနေတယ်)
All the best -  :atb (အားလုံး အိုကေတယ် )
Bath - - :bath  (ရေချိုးနေပါတယ်)
Blushing - :-B - :blush (ပြောင်ပြသည်)
Broken Heart - =(( -  (အသည်းကွဲနေတယ်)
Call me - :c - :callme (ဖုန်းဆက်နော်)
Confused - :/ -  (စိတ်ရှုပ်နေတယ်)
Cool - B-) - :cool  ( အေးဆေးပဲ)
Crying -  ( - :waa (ငိုနေသည်)
Day Dreaming - : -Y - :dream (အိမ်မက်ထဲမှာ)
Dislike - :PP - :naa  (မကြိုက်ဘူး)
Do Not Disturb - - :dnd (မနှောင့်ယှက်ပါနဲ့)
Drooling - =P~ - :hee (ပြုံးနေတယ်)
Game - - :game (ဂိမ်းဆော့နေတယ်)
Good Morning - - :gm (ကောင်းသောနေ့ပါ) မိတ်ဆက်စကား
Good night - - :gn (ကောင်းသောညပါ) နှုတ်ဆက်စကား
Heart - - :heart (အသည်းရေ) (ချစ်တယ်)
Hi - : -h - :hi,hai  (ဟိုင်း) လက်ပြသည်
Hug - - :hug (ဖက်ထားချင်တယ်)
I am Mad - ~x( - :mad  (ရူးချင်နေပြီ)
I love you - - :ilu  (မင်းကိုချစ်တယ်)
I miss you - - :imu (မင်းကိုလွမ်းတယ်)
Idea - - :idea (စိတ်ကူးနေတယ်) တွေးနေတယ်
Kissing - : -* - :kiss (နမ်းမယ်နော်)
Laughing -  ) - :ha (ဟားဟား) ရီနေတယ်
Laughing - =)) - :haha (ဟားဟားဟား) အူမြူးနေတယ်
Mess - - :mess (ရှုပ်ထွေးနေတယ်)
Movie - - :movie (ဇာတ်ကားကြည့်နေတယ်)
News - - :news (မေးလ်ဖတ်နေတယ်)
No - |-: - :no (မဟုတ်ဘူး)
Yes- :D - :yes (ဟုတ်တယ်)
Not talking - ]-( - :calm  (မပြောချင်ဘူး)ပြောချင်စိတ်မရှိပါ
Now - - :now ( အခုလား)
Pray - - :pray (ဆုတောင်းပေးနေမယ်နော်)
sad -  :( (၀မ်းနည်းနေတယ်) စိတ်မကောင်းပါ
Secret/Silent - : -$ - :shh (ရှူး တိတ်တိတ်နေ)
Shut Up - - :shutup (နင့်ပါးစပ် ပိတ်ထား)
Sleep - - :sleep (အိပ်နေတယ်)
Sleepy - I-) - :zz ( အိပ်လို့ ကောင်းနေတယ်)
smiling -  :) (ပြုံးပြနေသည်)
Sorry - - :sry ( တောင်းပန်ပါတယ်)
Stop shouting - : -T - :stop (တော်ပါတော့)
takecare- :tc ( ဂရုစိုက်နော်)
Suprised- :O - :ohh  (အံသြသည်) အို့ !


2. Gtalk Shell
        Gtalk မှာ ပုံလေးတွေကအလိုလိုပြောင်းတဲ့ ဆောဖ်ဝဲလေးပါ .... Install လုပ်ပေးရင် Gtalk မှာ Shell ဆိုတာလေး ထပ်ပေါ်လာမယ်...အဲ့ဒီထဲက  Shell >>> Avator >>> Setting >>> Avator  မှာ ကိုယ်ပေါ်ချင်တဲ့ ပုံလေးတွေကို  Add  လုပ်ပါ..အဲ့ဒီမှာ  Time Interval  ကိုလဲရွေးလို့ ရတယ်..နောက်ပြီး ဂျီတော့ ကိုလဲ  Auto Hide လုပ်ထားလို့ ရတယ်...သတိထားရမှာက gtalk ကို ဖွင့်ရင် Gtalk Shell ဆိုတဲ့  Gtalk Icon လေး ကနေ ဖွင့်ဝင်ရမယ်..
http://www.mediafire.com/?k3gucoje0jy   ဒီကနေ ဒေါင်းလုပ်ယူရပါမယ်.....





3.  Gtalk Idle
             Gtalk မှာ မီးစိမ်းလေး ပြနေပါက (Avliable) ချက်နိုင်ပါသည် ဆိုတဲ့ သဘော ၊ Gtalk မှာ မီးနီလေး ပြနေပါက (Busy) မအားပါ ဆိုတဲ့ သဘော ၊ Gtalk မှာ မီးဝါလေး ပြနေပါက (Idle) စက်နားမရှိပါ ဆိုတဲ့ သဘော ။ ထိုမီးဝါလေးက စက်နားမှာ လူမရှိပါက အလိုလို အ၀ါရောင်ကို ပြောင်းပေးတာပါ....ဒါဆို တဖက်လူက မီးဝါလေး ဖြစ်နေက တော်တန် မချက်တော့ပါ..ထို့အတူ အဲ့ဒီမီးဝါလေးကို အမြဲတမ်း ဖြစ်အောင် ဖန်တီးထားလို့ ရပါတယ်..
http://www.mediafire.com/?8xtmujf3nzx   ဒီနေရာကနေ ဒေါင်းလုပ်ယူလိုက်ပါ....
ပြီးရင် ဒေါင်းလုပ်လုပ်ထားတာလေးကို Run ပြီးရင် Start Bar က Gtalk Icon လေးကိုRight Click လုပ်ပီး Always Idle ရွေးပေးလိုက်ရင်ရပါပြီ..
အမြဲ  Idle မလုပ်ချင်တော့ပဲ သူ့ဖာသာ Normal Idle  ပြန်ပြောင်းချင်ရင်  ပြန်ချိန်းလိုက်ရင် ရပါတယ်....



4. Pink Color Gtalk
                 Gtalk ကို ပန်းရောင်လေး ပြောင်းပေးတာပါ...ကောင်မလေးတွေ အကြိုက်ပေါ့..
http://www.mediafire.com/?nguymbt1lca   ဒီကနေ ဒေါင်းလုပ်ယူပါ...


5. Gtalk ဘာသာပြန်စနစ်
               ရိုက်လိုက်တဲ့စာကို တခြားဘာသာ ကို တိုက်ရိုက် ဘာသာ ပြန်ပေးတဲ့ စနစ်ပါ...Gtalk မှာ အဲ့လို လုပ်ဖို့ ရနိုင်ဖို့ကို  Translation Botsတွေလိုအပ် ပါတယ်....Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး  (ဥပမာ- English ဆိုရင် en ) ကို အသုံးပြုထားပါတယ်..ဘာလို့လဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်တွေက ဒါတွေပဲ ဖြစ်ပါတယ်...Bots တွေ အသုံးချနည်းကတော့ Gtalk ကနေ အဲ့ဒီ  bots တွေက invite လုပ်ပါ... ဆိုလိုတာက english ကနေ spain ကို ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ လက်ခံလို့ ကိုယ့် Gtalk ထဲမှာ ရပြီဆိုရင်   ကိုယ်ဘာသာပြန်ချင်တဲ့ စာရိုက်တည့်ပြီးပြောလိုက် ရင် သူကချက်ချင်း ဘာသာပြန်ပေးမယ်... ဥပမာ- en2es bots နဲ့ ဆိုရင်ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောမှာပါ.....Bot တွေကို chat လုပ်ပြီး ဘာသာပြန်ခိုင်းတာပါ....

Arabic – English    ar2en@bot.talk.google.com                English  Arabic  en2ar@bot.talk.google.com
Bulgarian - English     bg2en    en2bg
Czech – English         cs2en     en2cs
Danish - English         da2en    en2da
German - English       de2en    en2de
German - French       de2fr       fr2de
Greek - English          el2en      en2el
Spanish - English       es2en     en2es
Finnish - English        fi2en       en2fi
French - English        fr2en      en2fr
Hindi - English           hi2en      en2hi
Croatian - English      hr2en     en2h
Italian - English         it2en       en2it
Japanese - English    ja2en       en2ja
Korean - English       ko2en      en2ko
Dutch - English         nl2en       en2nl
Norwegian - English  no2en      en2no
Polish - English         pl2en       en2pl
Portuguese - English pt2en       en2pt
Romanian - English   ro2en      en2ro
Russian - English      ru2en      en2r
Swedish - English     sv2en      en2sv
Chinese - English      zh2en     en2zh
Bots  နာမည်တွေရဲ့ နောက်မှာ  @bot.talk.google.com  ထည်ပြီး invite လုပ်ပါ။









ဆိုဒ်ကျော်ဝင်၍ ရသော ဆိုဒ်များ


ဆိုဒ်ကျော်ဝင်၍ ရသော ဆိုဒ်များ



    http://freeproxy.ru/en/free_proxy/cg…